Judson Bible

၁ ရာ 14:17-33 Judson Bible (BJB)

17. ရှောလုကလည်း၊ အဘယ်သူ ထွက်သွားသည်ကို သိခြင်းငှါ လူများကို ရေတွက်ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက်၍၊ ယောနသန်နှင့် သူ၏လက်နက်ဆောင် လုလင် မရှိ။

18. ထိုကာလအခါ ဘုရားသခင်၏ သေတ္တာတော်သည် ဣသရေလအမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှော လုက၊ ဘုရားသခင်၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအား ဆို၏။

19. ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင်၊ ဖိလိတ္တိတပ်၌ အုတ်အုတ်ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလုက နေဦးတော့ဟု ယဇ်ပုရောဟိတ်အား ဆိုသဖြင့်၊

20. မိမိနှင့်လူအပေါင်းတို့သည် တယောက်ကိုတယောက် နှိုးဆော်လျက် စစ်ချီ၍ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တယောက်ကိုတယောက် ခုတ်သဖြင့် အလွန် တပ်ပျက်လေ၏။

21. အထက်ကာလ၌ ဖိလိတ္တိလူတို့ဘက်မှာနေ၍ အရပ်ရပ်တို့က တပ်သို့ လိုက်လာသော ဟေဗြဲလူတို့ သည်လည်း ရှောလုနှင့် ယောနသန်၌ ပါသောဣသရေလလူတို့ဘက်သို့ ဝင်ကြ၏။

22. ဧဖရိမ်တောင်၌ ပုန်းရှောင်၍ နေသော ဣသရေလလူအပေါင်းတို့သည်လည်း၊ ဖိလိတ္တိလူ ပြေးကြောင်း ကို ကြားသောအခါ စစ်ချီ၍ ကျပ်ကျပ်လိုက်ကြ၏။

23. ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ထိုနေ့၌ ကယ်တင်တော်မူသဖြင့်၊ စစ်မှုသည် ဗေသ ဝင်မြို့သို့ လွန်သွားလေ၏။

24. ထိုနေ့၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည်အကြောင်း၊ ညဦးချိန်မရောက်မှီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့ အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။

25. လူအပေါင်းတို့သည် မြေပေါ်၌ ပျားရည်ရှိရာတောသို့ ရောက်သဖြင့်၊

26. တောထဲသို့ ဝင်သောအခါ ပျားရည်စက်စက်ကျလျက်ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သော ကြောင့်၊ အဘယ်သူမျှ မိမိလက်ကို မိမိ ပါးစပ်၌ မထည့်။

27. သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့၌နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ၏။

28. ခမည်းတော်က၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူများတို့အား ကျပ်ကျပ် အကျိန် ပေးတော်မူပြီဟု လူတယောက်ကြားလျှောက်၏။ လူတို့သည်လည်း မောလျက်နေကြ၏။

29. ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ရှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိ ကြည်လင်သည်ကို ကြည့်ပါတော့။

30. လူများတို့သည် ယနေ့ တွေ့မိသော ရန်သူ၏ ဥစ္စာကို စားချင်တိုင်းစားလျှင်၊ အဘယ်မျှလောက် အကျိုးကြီးလိမ့်မည်တကား။ ဖိလိတ္တိလူတို့ကို သာ၍ လုပ်ကြံကြလိမ့်မည်တကားဟု ဆိုလေ၏။

31. ထိုနေ့၌ ဖိလိတ္တိလူတို့ကို မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင် လုပ်ကြံကြ၏။ ဣသရေလလူတို့ သည် အလွန်ပင်ပန်းသဖြင့်၊-

32. ရန်သူ၏ ဥစ္စာကို လုယူ၍၊ သိုး၊ နွား၊ နွားသငယ်တို့ကို မြေပေါ်မှာ သတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။

33. ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြား လျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ။ ကြီးစွာသော ကျောက်ကို ငါ့ထံသို့ ယနေ့ လှိမ့်ခဲ့။