Judson Bible

၁ ကော 8:1-8 Judson Bible (BJB)

1. ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှ သည် ပိုင်းခြားတတ်သော ဥာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဥာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။

2. အကြင်သူသည်၊ ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်း မသိသေး။

3. ဘုရားသခင်ကိုချစ်သော သူမည်သည်ကား၊ ဘုရားသခင် သိစေတော်မူသော သူဖြစ်၏။

4. ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်းသော ဘုရားသခင်မှတပါး အဘယ်ဘုရားသခင်မျှမရှိသည်ကို၎င်း၊ ငါတို့သိကြ၏။

5. ဘုရားများ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ် သမုတ်သော သူအများရှိသော်လည်း၊

6. အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ်၍၊ အကြင်ဘုရားသခင်အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ်တပါးတည်းသာငါတို့၌ရှိတော်မူ၏။

7. သို့သော်လည်း ထိုဥာဏ်ကို လူတိုင်းမရ။ အချို့ သော သူတို့သည် ယခုတိုင်အောင်ရုပ်တုရှေ့၌ ပူဇော် သော ယဇ်ကောင်ကိုစားသော်၊ ရုပ်တုကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ်၍၊ သူတို့၌ကိုယ်ကို ကိုယ်သိသော စိတ်သည်အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ ရောက်တတ်၏။

8. အစားအသောက်အားဖြင့် ဘုရားသခင်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ်။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ်။