Judson Bible

၁ ကော 11:9-17 Judson Bible (BJB)

9. ယောက်ျားကို မိန်းမတို့ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားဘို့ ဖန်ဆင်း၏။

10. ထိုကြောင့်၊ ကောင်းကင်တမန်များကို ထောက်၍၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည်။

11. သို့သော်လည်း သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမ ဖြစ်သည်မဟုတ်။ မိန်းမပါဘဲ ယောက်ျားဖြစ်သည် မဟုတ်။

12. မိန်းမသည် ယောက်ျားကြောင့်ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ်၏။ အလုံးစုံ တို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်ကြ၏။

13. မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင်၊ လျောက်ပတ်သည် မလျောက်ပတ် သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့။

14. ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင်၊ ရှက်ဘွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော။

15. မိန်းမမူကား၊ ရှည်သောဆံပင်ရှိလျှင်၊ သူ၏ ဘုန်းအသရေ ဖြစ်၏။ အကြောင်းမူကား၊ မိန်းမဆံပင် သည် မိမိခြုံစရာတို့ ဖြစ်၏။

16. သို့သော်လည်း တစုံတယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌၎င်း၊ ဘုရားသခင်၏ အသင်းတော်၌ ၎င်း၊ ထိုသို့သော ထုံးစံမရှိ၏။

17. တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှါ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။