Judson Bible

၁ ကော 11:8-11 Judson Bible (BJB)

8. ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည် မဟုတ်။ မိန်းမသည် ယောက်ျားကြောင့်ဖြစ်၏။

9. ယောက်ျားကို မိန်းမတို့ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားဘို့ ဖန်ဆင်း၏။

10. ထိုကြောင့်၊ ကောင်းကင်တမန်များကို ထောက်၍၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည်။

11. သို့သော်လည်း သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမ ဖြစ်သည်မဟုတ်။ မိန်းမပါဘဲ ယောက်ျားဖြစ်သည် မဟုတ်။