Judson Bible

ဟ္ဂဲ 2:2-4 Judson Bible (BJB)

2. သင်သည် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရု ဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းယောဇဒက်သား ယောရှု မှစ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ၊

3. ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဘူး၍ သင်တို့တွင် ကျန်ကြွင်းသော သူကား အဘယ် သူနည်း။ ယခုအဘယ်အရာကို မြင်သနည်း။ နှိုင်းယှဉ် လျှင် သင်တို့မျက်မှောက်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော။

4. သို့သော်လည်း၊ အိုဇေရုဗဗေလ၊ အားယူလော့ ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု၊ အားယူလော့။ အိုပြည်သူပြည် သားအပေါင်းတို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။