Judson Bible

ဟ္ဂဲ 2:16-23 Judson Bible (BJB)

16. ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရ သော စပါးပုံသို့ လူလာသောအခါ တဆယ်ကိုသာ ရ၏။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှါ စပျစ်သီးနယ်ရာကျင်း သို့ လာသောအခါ နှစ်ဆယ်ကိုသာ ရ၏။

17. သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ် ခတ်ခဲ့ပြီ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။

18. ထာဝရဘုရား၏ဗိမာန်တော်တိုက်မြစ်ကျ၍၊ နဝမလနှစ်ဆယ်လေးရက်နေ့၊ ယနေ့မှစ၍ ရှေ့သို့ မျှော် ကြည့်ဆင်ခြင်ကြပါလော့။ ဆင်ခြင်ရမည်အကြောင်း အရာဟူမူကား၊

19. စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီး ကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းကြီးပေးမည်ဟု မိန့်တော်မူ၏။

20. ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့ တဖန်ရောက်လာ၍၊

21. သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆို ရမည်မှာ၊ ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်မည်။

22. တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကို မှောက်လှန် ၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲ တို့သည် တယောက်ကို တယောက်ခုတ်၍ လဲကြလိမ့်မည်။

23. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ရှာလသေလသား၊ ငါ့ကျွန်ဇေရုဗ ဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကို ငါရွေး ချယ်ပြီဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။ပရောဖက်ဟဂ္ဂဲစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။