Judson Bible

ဟေ​ဗြဲ 8:11-13 Judson Bible (BJB)

11. ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒ မပေးရကြ၊ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင် အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။

12. ထိုအခါငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက် မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

13. ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ရောက်လုနီးသတည်း။