Judson Bible

ဟေ​ဗြဲ 5:4-10 Judson Bible (BJB)

4. ဘုရားသခင်သည် အာရုန်ကိုခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်းမယူရ။

5. ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကို မိမိချီးမြှောက်သည်မဟုတ်။ သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီဟု မိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်တော်မူ၏။

6. ထိုသို့နှင့်အညီ ကျမ်းစာတချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု လာသတည်း။

7. ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံရာအမှု၌ ချမ်းသာရသည်ဖြစ်၍၊

8. ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်း အကျိုးအကြောင်းကို သင်တော်မူ၏။

9. ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သော သူအပေါင်းတို့အား ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍။

10. မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ်တော်မူခြင်းကို ခံရ၏။