Judson Bible

ဟေ​ဗြဲ 3:1-4 Judson Bible (BJB)

1. ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံသောတမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။

2. မောရှေသည် ဘုရားသခင်၏ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။

3. အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ၍ ကြီးသောအသရေရှိသကဲ့သို့၊ ယေရှုသည် မောရှေထက် သာ၍ ကြီးသော အသရေကိုခံထိုက်သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်းရှိ၏။

4. အိမ်မည်သည်ကား၊ တစုံတယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။