Judson Bible

ဟေ​ဗြဲ 2:1-7 Judson Bible (BJB)

1. ထို့ကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။

2. ကောင်းကင်တမန်များအားဖြင့် ထားတော်မူသော ဗျာဒိတ်တော်သည် တည်၍ ပြစ်မှားလွန်ကျူးခြင်း အမှု အမျိုးမျိုးတို့သည် ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊

3. အစအဦး၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။

4. ထိုသက်သေခံသောသူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုအားဖြင့်၎င်း၊ ထူးဆန်းသောတန်ခိုး အထူးထူးအပြားပြားအားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူးအားဖြင့်၎င်း သက်သေခံတော်မူပြီ။

5. ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန်တို့၌ အပ်ပေးတော်မူသည်မဟုတ်၊

6. ကျမ်းစာတချက်၌ တယောက်သောသူက၊ လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူ ဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။

7. သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ။ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊