Judson Bible

ဟေ​ဗြဲ 10:21-29 Judson Bible (BJB)

21. ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊

22. ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့်လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။

23. မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့ အကြောင်း မူကား၊ ဂတိထားတော်မူသော သူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။

24. ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။

25. လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။

26. အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊

27. ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။

28. မောရှေ၏ တရားကိုပယ်သော သူမည်သည်ကား၊ သက်သေခံ နှစ်ဦးသုံးဦးလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။

29. ထိုမျှမက၊ ဘုရားသခင်၏ သားတော်ကို ခြေဖြင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ်တရား၏ သွေးကိုအပြစ်တင်လျက်၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသော သူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒက်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။