Judson Bible

ရှင်ယောဟန် 9:3-5 Judson Bible (BJB)

3. ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း။

4. ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင်သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး၏။

5. ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊