Judson Bible

ရှင်ယောဟန် 7:1-3 Judson Bible (BJB)

1. ထိုနောက်မှယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှါ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှါ အလိုတော်မရှိ။

2. ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊

3. ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည်မြင်စေခြင်းငှါ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။