Judson Bible

ရှင်ယောဟန် 6:68-71 Judson Bible (BJB)

68. ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော်၌ တည်ပါ၏။

69. ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည် သိမှတ်ကြပါသည်ဟုလျှောက်လေ၏။

70. ယေရှုကလည်း၊ တကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ရန်သူတယောက်ပါမည်ဟု မိန့်တော်မူ၏။

71. ထိုသို့မိန့်တော်မူသော်၊ ထကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်ကိုဆိုလိုသတည်း။