Judson Bible

ရှင်ယောဟန် 20:1-16 Judson Bible (BJB)

1. ခုနစ်ရက်တွင် ပဌမနေ့ရက်၊ မိုဃ်းမလင်းမှီ စောစောအချိန်၌ မာဂဒလမာရိသည် သခင်္ျိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊

2. ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သခင်္ျိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။

3. ထိုအခါပေတရုနှင့် အခြားသော တပည့်တော်သည်ထွက်၍ သခင်္ျိုင်းတော်သို့သွားကြ၏။

4. ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သခင်္ျိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊

5. ပိတ်ပုဆိုးရစ်သည်ကိုမြင်လျှင်၊ မဝင်ဘဲနေ၏။

6. ရှိမုန်ပေရုသည်နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊

7. ခေါင်းတော်၌ရှိသောပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကို၎င်း မြင်လေ၏။

8. ထိုအခါသခင်္ျိုင်းတော်သို့ အရင်ရောက်သောအခြားတပည့်တော်သည် ဝင်၍မြင်သဖြင့် ယုံလေ၏။

9. ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည်ကြသေး။

10. နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။

11. မာရိသည် သခင်္ျိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ၍တွင်းထဲသို့ကြည့်လျှင်၊

12. ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တပါး၊ ခြေရင်း၌တပါး ထိုင်ကြသည်ကိုမြင်လေ၏။

13. ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။

14. ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကိုမသိ။

15. ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။

16. ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။